Introduction: This is a tiktok video published by @Youre my Life ❤️ 011. The video has now received more than 15 likes, 0 comments and 2 shares. It is deeply loved by fans. The following is the specific data and similar videos. Address, you can complete the operation on this page by clicking play or bookmarking the video.
![](https://img.tikmeta.com/tikmeta/d2bcbe16-efef-4f41-a6b5-4f4853a2d3b8-20240507.jpeg?imageMogr2/auto-orient/thumbnail/300x/strip/format/WEBP/quality/75!/ignore-error/1)
#LearnOnTikTok #UThainHan /Business content knowledge #ဘာမှလုပ်မရရင်တောင် ပြင်စရာရှိတာပြင်နေဖို့လိုတယ် ◾ အခုချိန်မှာ ပရော်ဖက်ရှင်နယ်ပဲလုပ်လုပ်၊ ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ်၊ အားလုံးက စမ်းတဝါးဝါး၊ တချို့လည်း လမ်းတွေပျောက်နေကြတယ်။ ရေကြည်ရာမြက်နုရာ ပြောင်းလို့အဆင်ပြေတဲ့သူတွေ၊ ပြောင်းချင်တဲ့သူတွေကတော့ နေရာသစ်မှာ အခြေချဖို့ကြိုးစားကြတယ်။ အဆင်ပြေတဲ့သူတွေရှိသလို ရုန်းကန်ရတဲ့သူတွေလည်း တစ်ပုံကြီး။ ကိုယ်က ပြည်တွင်းမှာပဲ ဆက်နေမယ်ဆိုရင်လည်း အနာဂတ်က မရေရာဘူးဆိုပေမဲ့ လုပ်လို့ရတာလုပ်နေဖို့လိုတယ်။ အထူးသဖြင့်တော့ လုပ်လို့ရတာလုပ်နေရင်း ပြင်စရာရှိတာပြင်ဖို့ အရေးကြီးတယ်။ ပရော်ဖက်ရှင်နယ်ပဲခေါ်ခေါ်၊ ဝန်ထမ်းပဲခေါ်ခေါ် ကျွမ်းကျင်မှုနဲ့ရပ်တည်မယ့်သူတွေအနေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှု (Skill) ကို မြှင့်လို့ရသလောက်မြှင့်နေဖို့လိုတယ်။ ဒီလိုပဲ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့လည်း လုပ်ရကိုင်ရခက်တယ်ဆိုပေမဲ့ ရပ်နေလို့မရဘူး။ ကိုယ်လုပ်လို့ရတာ၊ ကိုယ် Invest လုပ်လို့ရတာ လုပ်နေဖို့လိုတယ်။ တချို့ လုပ်လို့ရရုံလုပ်နေပေမဲ့ တချို့ ချဲ့လို့ရသလောက် ချဲ့နေသူတွေလည်းရှိတယ်။ ဒါကတော့ Business Leader တစ်ဦးချင်းအရရော လုပ်တဲ့လုပ်ငန်းသဘာ၀အရပါ မတူနိုင်ဘူး။ သေချာတာကတော့ ရပ်နေတာက နောက်ပြန်ဆုတ်တာနဲ့တူတယ်။ ဘာလို့ဆို ကိုယ်ရပ်နေရင် ကိုယ့် Customer၊ ကိုယ့် Client တွေက တခြားသူဆီရောက်သွားမှာပဲ။ ကိုယ့်မှာရှိထားတဲ့အရှိန်ကို မထိန်းထားနိုင်ရင် တစ်ချိန်ကျရင် အစကပြန်စရလိမ့်မယ်။ ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကတော့ ကိုယ့်ရဲ့အမြော်အမြင်ပေါ် မူတည်တယ်။ အခြေအနေအရ ဘာမှလုပ်မရရင်တောင် ပြင်စရာရှိတာတော့ ပြင်နေဖို့လိုတယ်။ #လေးစားစွာဖြင့် #မူရင်းကိုcrdပေးပါတယ် #မေတ္တာဖြင့်မျှဝေပေးပါသည်✍ #မလေးရှားရောက်ရွှေမြန်မာများ #foryou #စာပေချစ်သူ #fyp #malaysia #tiktok @@Youre my Life ❤️ 011 @@Youre my Life ❤️ 011 @@Youre my Life ❤️ 011
Duration: 0 sPosted : Sat, 04 May 2024 03:21:27Views
280Daily-
Likes
15Daily-
Comments
0Daily-
Shares
2Daily-
ER
6.07%Daily-
Latest Videos
Similar Videos
Watch moreMore Videos
Watch more